Home » , , » A.I. Artificial Intelligence (2001) မြန်မာစာတန်းထိုး

A.I. Artificial Intelligence (2001) မြန်မာစာတန်းထိုး

A.I. Artificial Intelligence (2001) မြန်မာစာတန်းထိုး

မေမေရေ
မေမေ. . .။
ပန်းကလေးတွေဟာ
နေမင်းရဲ့  အလင်းအောက်မှာ
မွှေးပွင့်လို့။
လမင်းကလေးရဲ့  အလင်းတွေဖြာနေတဲ့
ရောင်ခြည်မြစ်ပြင်ထဲမှာလည်း
အေးမြတဲ့ ရေစက်တွေ
စီးနေလို့ ။
မေမေရဲ့ 
မေတ္တာနဲ့ ပွင့်တဲ့ နှု တ်ခမ်းကလေးမှာလည်း
သားကိုချော့တဲ့ တေးကလေးတွေ
သီဖွဲ့လို့ ။
မေမေကို လွမ်းတဲ့ သားမျက်ရည်တွေ
မေမေရှိရာဆီ စီးဝင်သွားရင်
သားသိပ်ပြီးပျော်မိမှာပဲ
သားရှိရာ အပြေးလာ
မေမေလက်ကမ်း
မေမေအပြုံးပန်းကလေးနဲ့ ဟောဒီ
သားပါးကလေးကိုပါ နမ်းခဲ့ရင်
သား အငိုတိတ်ပြီး
လွမ်းလိုက်တာမေမေရယ်လို့ တိုးတိုးတိတ်ရေရွတ်
မေမေရဲ့ ရင်ခွင်ရိပ်ထဲ
သားပုန်းအိပ်မိတော့မှာပေါ့ ။
မေမေရှိတဲ့ကမ္ဘာဟာ
သားအနာဂတ်ကောင်းကင်ငယ်ပါ
မေမေပြောတဲ့ပုံပြင်ဟာ
သားအတွက် ဆောင်ပုဒ်ငယ်တစ်ခုပါ ။
တကယ်ဆို
ဟောဒီမျှော်လင့်ချက်တံစက်မြိတ်ရိပ်အောက်
ပျောက်ဆုံးလို့ ရှာဖွေနေတဲ့အရာကလည်း
ဝေးတစ်မြေက
သားမေမေ နဲ့ တွေ့ဆုံဖို့ အခွင့်အရေးကလေးပဲ
ဖြစ်ပါရဲ့ ။
တစ်နေ့တော့
မေမေရှိရာ ကောင်းကင်ဘက်ခြမ်း
ငှက်တစ်ကောင်လိုအော်ဟစ်ပျံသန်းပြီး
မေမေပါးကို တစ်ခါကလို
နမ်းကြူ ခွင့်ရဖို့
သားပြန်လာခဲ့မှာပါ မေမေ ။
-------
21 ရာစု နောက်ပိုင်းတွင် ကမ္ဘာကြီး၏ သက်ဝင်လှု ပ်ရှားမှု အခြင်းအရာများသည် လုံးဝပြောင်းလဲသွားပေပြီ ။လူသားများ၏ နေထိုင်ဖြစ်တည်မှု ပြသာနာများကို အတတ်နိုင်ဆုံး ကျုံ့ ဝင်လွယ်ကူလာစေရန် သိပ္ပံပညာရပ်များကိုအသုံးပြု ပြီး ဖြေရှင်းရန် အားထုတ်လာခဲ့ကြသည်။ဆန်းပြားသော လက်နက်များ စက်တပ်ယာဉ်များ ။ရို့ ဘော့စက်ရုပ်များ စသဖြင့် လူသားကမ္ဘာအတွက် အထောက်အကူရစေနိုင်သည့် စက်ပစ္စည်းများ အလျှံအပယ် ပေါ်ပေါက်လာသည်။ထိုစက်ယန္တရားများဖြင့်လည်း လူသားကမ္ဘာ၏ ပြသာနာအများစုကို ဖြေရှင်းနိုင်မည်ဟု ပညာရှင်အများစုကယူဆထားကြ၏။
ယခုအခါတွင် ကုမ္ပဏီအမျိုးမျိုးပေါ်ပေါက်လာပါပြီ။သူတို့ထံတွင် ဝန်ဆောင်မှု အမျိုးမျိုးကိုလုပ်ဆောင်ပေးမည့် စက်ရုပ်များအား ရောင်းချရန် ရှိနေကြ၏။ခလေးထိန်း နာနီစက်ရုပ်လိုချင်သလား ။ချစ်သူမရှိသဖြင့် ခန့်ထည်ချောမောသော ယောကျာ်းစက်ရုပ် မိန်းမစက်ရုပ် လိုချင်ပါသလား ။အခြားသော တောက်တိုမယ်ရ ကိစ္စရပ်များကို ခိုင်းစေရန် အလုပ်သမားစက်ရုပ်တွေရော အလိုရှိပါသလား ။လူသားနှင့်မခြား အသိဥာဏ်ရှိပြီး တုံ့ပြန်မှု ရှိသော စက်ရုပ်များကို ဝယ်ယူအသုံးပြု နိုင်ပြီဖြစ်ပါသည်။
Henry တို့မိသားစုက သူတို့သားကလေး Martin အဖော်ရစေရန်အတွက် စက်ရုပ်ကုမ္ပဏီကနေ ရွယ်တူ David ဟု နာမည်ပေးထားသည့် စက်ရုပ်တစ်ရုပ် ဝယ်လာခဲ့သည်။Davidကို Henry ဇနီး Monica က ပိုပြီး သဘောကျခြင်းဖြစ်ပါသည်။
David ကို တီထွင်ထားမှု မှာ လက်ရာမြောက်လွန်းးလှသည်။မျက်လုံးကလေးက ဝိုင်းဝိုင်းစက်စက်ကလေး ။လပြည့်ဝန်းကလေးနှင့်တောင် တူနေသေးသည်။နှု တ်ခမ်းကလေးက မာမီဟူသော ခေါ်သံကလေးကပိုပြီး ချစ်စရာကောင်းခြင်းကို ထပ်မံဖြည့်စွက်ထားသလိုမျိုး ။David သည် သူမေမေအသစ်ကလေးကို စတွေ့တွေ့ခြင်းပင် ချစ်ခင်တွယ်တာသွားရှာသည်။မေမေလက်ကလေးကို ဆုပ်ကိုင်ထားပြီးတော့ မေမေအပြုံးကို မော့ကြည့်ရတာ အရမ်းကြည်နူးဖွယ်ကောင်းလွန်းပါသည်။
မေမေက ညဆိုလျှင် သူတို့ကို ပုံပြင်တွေလည်းပြောပြတတ်၏ ။သူနှင့်ညီအစ်ကိုဟုပြောထားသည့် Martin ကတော့ သူ့အပေါ်ဆက်ဆံမှု မှာ သာမန်အိမ်မွေးတိရစ္ဆာန် အဆင့်ထက်မပိုချေ ။မင်းကလူမဟုတ်ဘူးကွ လို့ သူ့ကို ပြောလေ့ရှိ၏ ။သူ့ဖေဖေကလည်း Martin နှင့်သိပ်မထူး ။အမြဲတစ်စေ သံသယမျက်ဝန်းများနှင့် သူ့ကို စောင့်ကြည့်လေ့ရှိသည်။သူသည် လူသားမဟုတ်သဖြင့် ယုံကြည်၍ ရသော အရာမဟုတ်ကြောင်း ။သတိလက်လွတ်မထားသင့်ကြောင်းစသဖြင့် သူ့အပေါ်မလိုလားသော စကားလုံးများနှင့် ပစ်ပေါက်လေ့ရှိ၏။
သူကတော့ ဘာမှနားမလည်ပါ ။မေမေအနားမှာ နေရလျှင် သိပ်ပျော်သည်။မေမေထွေးပွေ့မှု ကို ခံရလျှင် ကြည်နူးရသည်။ထို့ကြောင့် မေမေအနားမှာပဲ နေချင်သည်။မေမေအပြုံးကလေးကိုပဲ ကြည့်ချင်ပါသည်။အဲဒီစိတ်ကလေးပဲရှိပါသည်။
တစ်နေ့တွင် Martinတို့နှင့် ကစားရကနေ Martin တို့က ရန်စအနိုင်ကျင့်ရာကနေ ရေကူးကန်ထဲပြု တ်ကျကုန်ကြသည်။သူက ကြောက်အားလန့်အားဖြင့် Martinကို လှမ်းဆွဲရာ ရေနစ်သလို ဖြစ်သွား၏။သူ့အဖေက Martinကို လာဆယ်ယူသွားသည်။David တစ်ယောက်တည်းသာ ရေအောက်တွင် ကျန်ခဲ့ရှာသည်။
အဲဒီကိစ္စဖြစ်အပြီးမှာ ဖခင်ကြီး Henry သည် အမိန့်တစ်ခု ချမှတ်လိုက်တော့၏ ။David ကို စွန့်ပစ်ရန် ။Monica က တားမြစ်သော်လည်း မရခဲ့တော့ ။ညကာလတစ်ခုတွင် David ကို တောစပ်တစ်နေရာတွင် ထားပစ်ခဲ့တော့သည်။ David နှင့်အတူ ဝက်ဝံရုပ်ကလေး Teddy တို့ ကျန်ရစ်ခဲ့လေသည်။David နှု တ်ဖျားကမူ မေမေရေ မေမေရေ ဟု အော်ဟစ်လျက် ။သူသည် စက်ရုပ်ဖြစ်၍ မျက်ရည်မကျတတ်သော်လည်း စိတ်ထဲတွင်မူ ဝမ်းနည်းစွာ ခံစားနေရသည်။
အပြင်ဘက်တွင် စက်ရုပ်ဖမ်းပွဲကြီး ကျင်းပနေသည်။အချို့ သော လူသားများသည် စက်ရုပ်များ လူသားကမ္ဘာတွင် နေရာယူလျက်ရှိသည်ကို ဆန့်ကျင်ကြသည်။ထို့ကြောင့်ပင် လိုင်စင်သက်တမ်းကုန်စက်ရုပ်များ ။စွန့်ပစ်စက်ရုပ်များကို စက်ယန္တရားများဖြင့် ဖမ်းဆီးက ဖျက်ဆီးပစ်ကြသည်။တောထဲတွင် လမ်းလျှောက်နေသော David ကလေးလည်း အဖမ်းခံလိုက်ရသည်။
ပွဲတော်သို့ရောက်ရှိသောအခါတွင် သူ့လိုမျိုးဖမ်းဆီးခံထားရသော ဘဝတူစက်ရုပ်များကို တွေ့ရလေသည်။ခလေးထိန်းနာနီစက်ရုပ်က သူ့ကို မြင်လိုက်ချိန်တွင် ပြုံးပြ နှု တ်ဆက်သည်။သူ့ကို မြင်မြင်ခြင်းချစ်ခင်သွားကြသည်။ထို့နောက် လူသားများသည် တစ်ယောက်ပြီးတစ်ယောက်ထုတ်ယူကာ လူသားများအား ကွပ်မျက်သကဲ့သို့ ကြိုးချည်ကာ ခြေ လက် များကို ဖြတ်ပြီး သံရည်ပူကန်ထဲသို့ ပစ်ထည့်ကြသည်။David အလှည့်သို့ရောက်ချိန်တွင် ထုံးစံအတိုင်း မျက်လုံးဝိုင်းကလေးနှင့် ငေးကြည့်နေလေသည်။အောက်က လူသားများသည် သူ့ကို စက်ရုပ်ဟု မထင်ကြ။လူသားဟုပင်ထင်မှတ်ကြ၏။ထိုအခါ ကွပ်မျက်ပွဲတော်သည် ရုန့်ရင်းဆန်ခတ် ဖြစ်ကုန်တော့၏ ။
David သည် လူရှု ပ်စက်ရုပ် Joe (Jude Law) နှင့်အတူ လိုက်ပါသွားသည်။သူက အဲဒီလူသားများကို ရှောင်တိမ်းဖို့ ပြောပြသင်ကြားပေး၏။သူ Programသည် အဓိက မိန်းမရှု ပ်ပွေဖို့ရာသာ ဖန်တီးထားခြင်းဖြစ်၍ အခြားစိတ်မဝင်စားပေ။David က သူမေမေနှင့် ဆုံတွေ့ ဖို့ရာ ။နောက်တစ်ခုက လူသားဖြစ်ဖို့ရာပဲ စိတ်ဝင်စားသည်။သူလူသားဖြစ်ချင်သည်။လူသားမဟုတ်ခဲ့သဖြင့် မေမေထံပါးကနေ ထွက်ခွာခဲ့လာခဲ့ရ၏ ။သူသာလူသားဖြစ်ခဲ့လျှင် မေမေအနားကို ပြန်ခွင့်ရပေမည်။တကယ်တော့ မေမေပြောခဲ့သည့်ပုံပြင်အရ အပြာရောင်မိခင်နတ်သမီးကသာ သူလူသားဘဝကို ပြောင်းလဲနိုင်မည်ဟု စွဲမှတ်ထားမိ၍ အဲဒီနတ်သမီးနှင့် ဆုံတွေ့လိုသည်။လူသားအဖြစ်ပြောင်းလဲနိုင်မည့် မည်သူ့ကိုမဆို သူတွေ့ဆုံလိုပါသည်။ထိုအခြင်းအရာများကို Joe အား ပြောပြသောအခါ Joe အံ့သြသွားသည်။စက်ရုပ်များထဲတွင် သူလိုစက်ရုပ်မျိုး မတွေ့ဘူးခဲ့ ။Davidကို ဖျောင်းဖြသော်လည်း မရသောကြောင့် David အတွက် အကြံဥာဏ်ပေးနိုင်မည့် အထူး Program များနှင့် ဖွဲ့စည်းထားသော ခလေးကစားကွင်းထဲက Dr .Know အရုပ်ကြီးထံ အကူအညီတောင်းရန် အကြံပေး၏။
David မေးမြန်းခဲ့ပါသည်။ကျွန်တော်လူသားဖြစ်ချင်တယ် ။ဘယ်လိုလုပ်ရမလဲဟု မေးမြန်းသောအခါတွင် အရာရာတိုင်းကို သိပ္ပံနည်းကျဖြေဆိုနိုင်သော စက်ရုပ်ကြီးသည် ခေတ္တပင်ရပ်ဆိုင်းသွားရ၏။ပြီးမှ သူ့ကို ဖန်တီးခဲ့သော ပရော်ဖက်ဆာကြီးထံ မေးမြန်းရန် ပြောကြားပြီး အဲဒီလူ၏နေထိုင်ရာ လိပ်စာကို ပြောကြားခဲ့၏။
David ပရော်ဖက်ဆာကြီးနှင့်တွေ့ချိန်တွင်လည်း သူ၏ ဆန္နကို ဖြည့်ဆည်းမပေးနိုင်ခဲ့ပါ ။သူသည် ဖန်တီးထားသောစက်ရုပ်တစ်ရုပ်သာဖြစ်ကြောင်း ။နှစ်သိမ့်ပြီး သူလို ပုံပွား စက်ရုပ်များကို ပြသခဲ့၏ ။David အပြန်လမ်းတွင် သူတို့ယာဉ်မှာ ပျက်ကျကာ ရေအောက်သို့နစ်မြု ပ်သွားခဲ့၏။
အဲဒီနောက် ရာစုတစ်ခုမျှ ကြာသွား၏။နှစ်ပေါင်းနှစ်ထောင်မျှ ကြာသွားသည် ။ကမ္ဘာကြီးသည် လူသားများမရှိတော့ ။နေရာအနှံ့အပြား ရေခဲလွင်ပြင်ကြီးဖြစ်သွား၏။လက်ရှိပုဂ္ဂို လ်များကလည်း အဆင့်မြင့် Data များဖြင့် ဖန်တီထားသည့် ပုဂ္ဂို လ်များဖြစ်နေပါပြီ ။သူတို့သည် ရေအောက်က David ကလေးကို တွေ့သွားကြသည်။သူ့ကို ထိတွေ့ပြီး David ၏ Data များကို Download ရယူလိုက်သောအခါတွင် Davie ၏ သနားဖွယ်လိုအင်များကို သိရှိသွားကြသည်။David လှု ပ်နိုးလာသောအချိန်တွင် သူတို့သဏ္ဍာန်ကို အပြာရောင်နတ်သမီးအသွင် ပြောင်းလဲလိုက်ကြ၏ ။ထိုအခါ David ကလေး ပျော်ရွှင်သွားပြီး အပြာရောင်နတ်သမီးထံ လူသားဖြစ်ခွင့်နှင့် မိခင်နဲ့ ဆုံတွေ့ခွင့်ကို တောင်းခံလေသည်။နတ်သမီးလေးက စိတ်မကောင်းစွာဖြင့် သူမေမေထံက DNA လို ပစ္စည်းတစ်ခုခု ရှိမှ တွေ့ ဆုံခွင့်ရမည်ဖြစ်ကြောင်း ပြန်လည်ရှင်းပြသည်။
Davidဆီမှာ မေမေထံက အစိတ်အပိုင်းတစ်ခုမှရှိမနေခဲ့ပါ ။ထိုအခါတွင် ဝက်ဝံစက်ရုပ်ကလေး တက်ဒီက David အခန်းထဲမှာ မေမေကို ဘီးဖီးပေးနေစဉ် ကျန်ခဲ့သည့် ဆံပင်ကလေးကို David အား အိတ်ကပ်ကလေးထဲကနေ ထုတ်ပေးလိုက်လေသည်။
မေမေကို ပြန်တွေ့ခွင့် ရပြီပေါ့ ။
---------------------
ယခုရုပ်ရှင်ကို ကြည့်ပြီးချိန်တွင် ကျွန်တော့်မျက်လုံးဝတွင် မျက်ရည်တွေရစ်ဝဲခဲ့ပါသည်။ထိုင်ရာကနေ မထနိုင်ခဲ့ ။တစ်ခါမှသတိမရခဲ့သော သတိရဖို့ရာမစဉ်းစားမိခဲ့သော မေမေကို ချက်ချင်းလွမ်းမိသွား၏။သတိရကောင်းမှန်း သိသွားသည်။ထိုအခါ ငယ်စဉ်ကာလက မေမေ ချီပိုးပေးခဲ့တာ ။ပုံပြင်တွေပြောပြပေးခဲ့တာ တွေသတိရလာပြီး ဝဲနေသော မျက်ရည်စသည် လူငယ်ဘဝရောက်နေပြီဖြစ်သော ကျွန်တော့်ပါးပြင်ပေါ် စီးကျလာခဲ့ရ၏ ။
မေမေ ဆိုသော မိခင်သည် သက်ရှိဘုရားတစ်ပါးဟု ဆိုရလျှင် လွန်မည်မထင်ပါ။မေမေကသာ ကျွန်တော်တို့အားလုံးကို လူလားမြောက်အောင် ဖန်တီးပေးခဲ့တာ မဟုတ်ပါလား ။မေမေမေတ္တာကြောင့်သာ ကျွန်တော်တို့လူဖြစ်လာရခြင်းမဟုတ်ပါလား ။
ကျွန်တော်တို့ကသာ မိဘ၏ မေတ္တာကို သတိရခွင့် ဖော်ကျူးခွင့်ရသေးသည်။သက်ရှိထင်ရှားမရှိတော့သော မိဘမဲ့ခဲ့ရသော သားသမီးများဆိုလျှင် မည်မျှ လွမ်းဆွေးဝမ်းနည်းဖွယ် ကောင်းလိုက်မည်လဲ။တကယ်ဆို မေသမိခင် မေသဖခင်နှင့် အတူတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရသော ကာလသည် ဖြတ်သန်းပြီးဆုံးရမည့် ဘဝအချိန်အခါတွင် အလှပဆုံး အခိုက်အတန့်တစ်ရပ်ဖြစ်ပါသည်။ထိုကာလသည် သက်ရှိထင်ရှားရှိချိန်မှာပဲ ရရှိနိုင်ပါမည်။ပျော်ရွှင်ရပါမည်။
အချို့ သော လူသားအများစုတွင် မိဘမေတ္တာလည်း မရရှိခဲ့ရ ။မိခင်ဘယ်သူမှန်းမသိ ဖခင်ဘယ်သူမှန်းမသိ ။မသိခြင်းများစွာဖြင့် ကြီးပြင်းလာခဲ့ကြရသည်။ထိုအခါ လှပသော မေတ္တာတရားရောင်ခြည်၏ ပိုက်ထွေးမှု ကို မခံခဲ့ကြရ ။ဝမ်းနည်းသနားဖွယ်ကောင်းလွန်းပါသည်။
လူသတ်လက်နက်များ ဆန်းပြားသော စက်ယန္တရားများ စက်တပ်ယာဉ်များ စသည်တို့ဖြင့် ကမ္ဘာကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မည်ဟု တွေးထားပါသလား ။ယုံကြည်ပါသလား။
မေတ္တာတရားတစ်ခုသာ အကောင်းဆုံး ကာကွယ်ရာဖြစ်ပါသည်။
ယခု ရုပ်ရှင်၏ ကောင်းခြင်းဆိုးခြင်းကို ကြည့်ဘူးသူတိုင်း အသိပဲဖြစ်ကြမှာပါ။ဒါရိုက်တာကြီးစပီဘာ့ခ် ကိုယ်တိုင် ဖန်တီး ရိုက်ကူးခဲ့သည်။သရုပ်ဆောင်တွေကလည်း ကြည့်လိုက်ပါဦး David အဖြစ် သရုပ်ဆောင်သွားတဲ့ ကောင်လေးက The Sixth Senseလို ဇာတ်ကားမျိုးမှာ မင်းသားကြီး ဘရုဝီလီနှင့် အပြို င်သရုပ်ဆောင်ထားနိုင်သော
Haley Joel Osment ဖြစ်ပါသည်။နောက် Jude Law တို့လို သရုပ်ဆောင်တွေလည်း ပါဝင်ထားသေးသည်။အော်စကာနှစ်ဆု ဆန်ကာတင်ခဲ့၏။ သို့ရာတွင် The Lord Of The Rings ရုပ်ရှင်၏ နောက်ကောက်ချခြင်းကို ခံခဲရသည်။
Review က ခံစားမှု စာစုဖြစ်၍ Spoiler ဖြစ်သွားတာ ဆောရီးပါဟုပြောရင်း

Credit to-Admin E(International Movie News)
Translate by: Htaung At
Encode by: Sai Ko Ko
Quality -1080P BR-RIp
File Size 1 Gb

Download And Watch With Pcloud

Credit to GoldChannel

0 comments:

Post a Comment

Blog Archive

 
Copyright © 2015 Myanmar Subtitle Movie Channel/မြန်မာစာတန်းထိုးဇာတ်ကားများ